Google OCR 1: Google Drive ထဲသို့ ဝင်ရောက်ခြင်း

Google Drive

OCR မလုပ်မီ ပထမဆုံး drive.google.com ထဲသို့ ဝင်ထားရမည်။ 
ဝင်ပြီးနောက် အောက်ပါအတိုင်း တွေ့ရမည်။ 

ထို Drive ထဲမှ ညာဘက်ဘေးတွင် New-> Folder ကို နှိပ်ပါ။ 
အကွက်တစ်ခု ပေါ်လာမည်။ 
ပေါ်လာသည့်အကွက်ထဲတွင် My OCR ဟု အမည်ပေးပါ။


ထို My OCR ထဲသို့ ဝင်လိုက်ပါ။ 
ဝင်ပြီးနောက် စက်ထဲမှ စာဖိုင်ဓာတ်ပုံများကို ဆွဲတင်လိုက်ပါ။
သို့မဟုတ် 
New-> Folder Upload ကို နှိပ်၍ တင်ပါ။
တင်ပြီးသည်နှင့် ရောက်လာသော ဖိုင်များကို အောက်ပါအတိုင်း တွေ့ရမည်။ 


စာပြောင်းလိုသော စာဖိုင်ဓာတ်ပုံများ တင်ထားသည့် Folder ပေါ်တွင် Right Click ထောက်ပါ။ 
ပေါ်လာသည့်အကွက်ထဲမှ Get Sharable Link ကို နှိပ်ပေးပါ။

MSY OCR Tool ကို Right Click ထောက်၍ Open with Googel Sheet နှိပ်ရင်း ဖွင့်ပါ။
OCR Tool ပေါ်လာမည်။
Tool-> Script Editor ကိုဖွင့်ပါ။

စာကြောင်းရေ (၇၇) ကို သွားပါ။
Folder လိပ်စာကို ကူးပါ။
" " မျက်ကွင်းခတ်အတွင်းမှ စာတို့ကို ဖျက်ပြီး ကူးလာသော လိပ်စာကို နေရာချပေးပါ။
ပြီးလျှင် Save ကို နှိပ်ပါ။

--------------------------------------------------
OCR Tool ကို အသုံးပြုရန်။
(က) ဓာတ်ပုံများကို A Column ၌ နေရာချရန် A Column ၏ 1 အကွက်တွင် မောက်စ်ကို ချပါ။
(ခ) OCR Tool -> Get Links From Folder ကို နှိပ်ပါ။ ဓာတ်ပုံများ အေ ကော်လံ၌ ကျလာမည်။
(ဂ) ထိုဓာတ်ပုံများကို (၄၀) ပုံချင်းစီ Select ပေးပါ။
(ဃ) OCR Tool-> Extract All Cells ကို နှိပ်ပါ။ B Column ၌ စာများ ကျလာမည်။

ကျလာသော စာများကို Google Docs တစ်ဖိုင် အသစ်ဖွင့်၍ သိမ်းလိုက်ပါ။

Comments

Popular posts from this blog

Microsoft Office Word 3: စာရိုက်ရန်အဆင့်ဆင့်